မိမိရဲ့ Android Phone မှာ File တွေ Data တွေကို WiFi မှ တစ်ဆင့် Computer ပေါ်သို့သော်လည်းကောင်း၊ Computer မှ Phone ပေါ်သို့လည်းကောင်း ရွှေ့ပြောင်းနိုင်ရန် အတွက် ဒီ WiFi File Transfer Pro က စွမ်းဆောင်ပေးနိုင်ပါတယ်။ ဒီ App ကိုသုံးမယ်ဆို၇င်တော့ Phone နဲ့ Computer သည် Wireless Network တစ်ခုအတွင်းမှာ ဖြစ်ရပါမယ်။
၁) ပထမဆုံး mediafireကို ဒေါင်းလိုက်ပါ။
၂) Wireless ဖြင့် ဖုန်းကို ချိတ်ဆက်လိုက်ပါ။
၃) ပြီးရင် Install လုပ်ဆောင်ပြီး Phone ပေါ်မှာ Run လိုက်ပါက အောက်ပါပုံမှာ တွေ့မြင်ရလို Start ဆိုတဲ့ Button ကို နှိပ်လိုက်ပါက http: နဲ့ စတဲ့ web address တစ်ခုပေးပါလိမ့်မယ်။ ၄င်းကို Computer မှာ Browser ရဲ့ Address Bar မှာ ရိုက်ထည့်လိုက်ပါက Android ပေါ်က File များ၊ Data များကို Delete,rename,copy,zip စသော Function များထဲမှ ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
No comments:
Post a Comment