Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, June 21, 2013

ဝါဆိုဝါခေါင် ရေတစ်ဖေါင်ဖေါင်

 မိုးရေတက်ရေတွေနဲ့မို့ မိုးတွင်းရာသီမှာ ကလေးတို့ ကျောင်းသွား၊ကျောင်းပြန်
အထူးဂရုစိုက်ရန် လိုအပ်လှသည်။
မိဘများအနေနှင့် ပိုမိုသတိရှိရမည်ဖြစ်သည်။ အချိန်အခါမဲ့ 
မိုးသည် မှန်းဆရန်မလွယ်။ ကလေးတို့ ကျောင်းဆင်း၊ကျောင်းတက်
အချိန်များတွင် အချိန်မှန်မိုးကြီးလေ့ရှိသည်။
ကျောင်းကြိုသူ ပို့သူနှင့်ကျောင်းသူ၊ကျောင်းသားလေးများ ရွှဲရွှဲစို
နေကြသည်ကိုကား အံတုလို့မရနိုင်ပါ။
မိဘများအနေဖြင့် ပိုပြီး ဂရုတစိုက်ရှိနိုင်မှသာ မိမိတို့၏
သားသမီများတဖြိုင်ဖြိုင်ကျနေတဲ့ရာသီမှာ အအေးမိ၊ တုပ်ကွေး ဖျားနာ
မှုများမှ ကာကွယ်တားဆီးနိုင်မှာဖြစ်သည်။
မိုးရေတက်ရေတွေနဲ့ ဝါဆိုဝါခေါင် ရေတစ်ဖောင်ဖောင်ကာလမှာ
ကလေးတို့်နှင့် မိဘများ ကိုယ်စိတ်နှစ်ဖြာ ကျန်မာ၊ချမ်းသာ ကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ရပေသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ....

ရေးသူ    >>>ယဉ်ယဉ်သူ

Wednesday, May 22, 2013

အပိုကြီးမဟုတ်တဲ့ အပျိုကြီး ပါနော်....

တစ်ကိုယ်တည်းနေလို့
အပျိုကြီးတဲ့လား
အပိုကြီးဖြစ်နေတဲ့
ကလေးမတွေ ဒုနဲ့ဒေးပါ ။

မချစ်တတ်လို့ အချစ်ငတ်နေတယ်မထင်နဲ့
အသစ်အပ်ဖို့ ရင်တစ်စုံအပိုမပါလို့


ကြုံချစ်တွေကို ယုံပစ်ပြီး
ထုံထိုင်းနေတဲ့ နှလုံးသားနဲ့
ပုပ်ပွနေတဲ့ အချစ်တစ်ခုတော့
ဘယ်သူ့ကိုမှ မပေးချင်လို့
အပျိုကြီးဆိုတဲ့ နာမည်ပဲ
ကျေနပ်စွာ ခံယူထားတာပါ ။

နာမည်ဆိုးပေမယ့်
အသံအမျိုးမျိုးကြားက
ဟို ကောင်မလေးက ရှုပ်လိုက်တာ
အသက်လေးမှ အားမနာ ဆိုတဲ့
အပျိုလေးတွေကို
အဌေးတင် အထင်သေး
အသံဆိုးတွေတော့
မကြားရတာ အပျိုကြီးတွေပါ ။

အပျိုကြီးဆိုတာ
မယိုစီးတဲ့ သိက္ခာ
ရင့်ကျက်တဲ့ အတွေးအခေါ်
မြင့်မြတ်တဲ့ စိတ်ထား
အပြောမချိုပေမယ့်
သဘောဖြူသူတွေမို့
လူပုံအလယ်မှာ
အပျိုကြီးရယ်လို့ ကြွေးကြော်ရဲတာ
အပျိုကြီးတွေပါ ။
ဟွန်းးးးးးး အပျိုကြီးဆိုပြီးလာပြောနေကြလို့..ဖေ့ ဘွတ်ကတမင်ကူးလာတာ.......

သူရ နည်းပညာ အား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်.. 
<<<မန်ဘာဝင်ပြီး... Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>